သင်၏ မိုဘိုင်းလ်ဖုန်း လုံခြုံရေးနှင့် ဖုန်းအချက်အလက်များ ကာကွယ်ရေးအတွက် သိသင့်တဲ့အချက်များ

ယခု ဒီဂျစ်တယ်ခေတ်မှာ လူတိုင်းနီးပါး ဖုန်းကိုင်နေကြပေမယ့် ဖုန်းလုံခြုံရေးနဲ့ ပတ်သတ်ပြီး မသိသေးတဲ့သူတွေ အများကြီး ရှိနေပါသေးတယ်။ မိုဘိုင်းလ်ဖုန်းတွေဟာ လူတိုင်းအတွက် ဆက်သွယ်ရေးဆိုတဲ့ Tools တစ်ခုထက်ကိုပိုပြီး အရေးပါရုံသာမက ကျွန်ုပ်တို့ဘဝရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်များ သိမ်းဆည်းထားလို့ရတဲ့ နေရာတွေအထိပါ ဖြစ်လာပါပြီ။ မိသားစုဓာတ်ပုံများမှ စတင်ကာ လုံခြုံရေးအရ အရေးပါသော အီးမေးလ်များအထိ ဖုန်းများ၏ အချက်အလက်များကို လုံခြုံအောင်ပြုလုပ်ခြင်းမှာ လွန်စွာ အရေးကြီးပါတယ်။ FixYou မှာတော့ သင့်ရဲ့ Personal Data လို့ခေါ်တဲ့ ကိုယ်ပိုင်အချက်အလက်၏ တန်ဖိုးကို အမြဲ နားလည်တန်ဖိုးထားပါတယ်။ သင့်၏ မိုဘိုင်းလ်ဖုန်းထဲမှာရှိတဲ့ ဒီဂျစ်တယ်အချက်အလက်များကို လုံခြုံအောင်ပြုလုပ်လို့ရတဲ့ နည်းလမ်းများကို ယခု Blog တွင် ဝေမျှပေးသွားပါမယ်။

၁။ သင့် Device ရဲ့ Software ကို အမြဲ Update ဖြစ်အောင်လုပ်ထားပါ။

သင့်ရဲ့ ဖုန်းကို လုံခြုံအောင်ပြုလုပ်ရန် အရိုးရှင်းဆုံးနဲ့ အထိရောက်ဆုံးနည်းလမ်းများထဲက တစ်ခုကတော့ Software ကို အမြဲအပ်ဒိတ် (Update) ဖြစ်အောင်ထားခြင်းဖြစ်ပါသည်။

ဘာလို့လဲဆိုတော့ Update တစ်ခါထွက်တိုင်းမှာ အမြဲတမ်း ရှေ့ Update အားနည်းချက်များကို နောက်ဆုံး Update တွေမှာ ပုံမှန်ပြုပြင်ပေးလေ့ ရှိကြပါတယ်။

FixYou ရဲ့ အကြံပြုချက်: သင့်ရဲ့ ဖုန်းကို အလိုအလျောက် အပ်ဒိတ် Update ဖြစ်စေရန် ပြင်ဆင်ပါ။ ဒီနည်းလမ်းက သင့်ရဲ့ဖုန်းကို အမြဲလုံခြုံနေစေမှာဖြစ်ပါတယ်။

၂။ ခန့်မှန်းရခက်ပြီး ခိုင်မာသော စကားဝှက်များနှင့် လုံခြုံရေးနည်းလမ်းများအသုံးပြုပါ။

တစ်ချို့ ဖုန်းကိုင်ဆောင်သူ တော်တော်များများဟာ ဖုန်းလုံခြုံရေး (Security) အတွက် လော့ (Lock) ချထားလေ့ မရှိကြပါဘူး။ ဒါကြောင့် ဖုန်းတစ်လုံး လုံခြုံမှုအတွက် ခိုင်မာသော၊ ထူးခြားသော စကား၀ှက်များ (Password) နှင့် လက်ဗွေ (Fingerprint) သို့မဟုတ် မျက်နှာ scan ဖတ်စနစ် (Facial Recognition) လိုမျိုး နည်းပညာလုံခြုံရေးစနစ်များ အသုံးပြုတာမျိုး လုပ်ပေးဖို့ လိုပါတယ်။

FixYou ရဲ့ အကြံပြုချက်: မွေးနေ့ရက်များ သို့မဟုတ် ရိုးရှင်းသော နံပါတ်စီးရီးများကဲ့သို့ လွယ်ကူစွာ မှန်းဆနိုင်သော စကားဝှက်များကို အသုံးပြုခြင်းမှ ရှောင်ကြဉ်ပါ။

၃။ အများပြည်သူသုံး Wi-Fi များ အသုံးပြုခြင်းကို ဂရုစိုက်ပါ။

အများပြည်သူသုံး Wi-Fi ကွန်ရက်များသည် ဟက်ကာ (Hacker) များ အချက်အလက်ခိုးယူခြင်းအတွက် အသုံးပြုတဲ့ အဓိကနေရာများဖြစ်ပါတယ်။ ဒါကြောင့် Wi-Fi တွေ့တိုင်း သုံးတာမျိုးကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။ အများပြည်သူသုံး ကွန်ရက်များပေါ်တွင် Personal Data များ အခြေအနေ အကြောင်းကြောင်းကြောင့် ထည့်ဖို့ကို လိုအပ်လာရင် VPN (Virtual Private Network) ကိုအသုံးပြုခြင်းက သင့်ဖုန်းကို လုံခြုံစေမှာပါ။

FixYou ရဲ့ အကြံပြုချက်: မလုံခြုံသောကွန်ရက်များသို့ အလိုအလျောက်ချိတ်ဆက်မှုများကို တားဆီးရန် အသုံးမပြုသည့်အခါ Wi-Fi ကို ပိတ်ထားပါ။

၄။ ယုံကြည်ရသော လုံခြုံရေးဆော့ဖ်ဝဲများ ထည့်သွင်းပါ။

စိတ်ချရတဲ့ Antivirus Application များအသုံးပြုခြင်းက သင့်ရဲ့ ဖုန်းထဲသို့ မလိုလားအပ်သော Virus and Malware များ၀င်လာခြင်းကို အကာအကွယ်ပေးနိုင်ပါတယ်။

FixYou အကြံပြုချက်: ယုံကြည်ရသော နာမည်ရှိပြီးသား Antivirus App များကို စိတ်ချရသော Application Store များမှ ထည့်သွင်းပါ။

၅။ ဖုန်းကို ပုံမှန် Back-up လုပ်ပါ။

အကယ်၍ သင့်ရဲ့ဖုန်းဟာ အကြောင်းအရာတစ်ခုခုကြောင့် ပျက်စီးဆုံးရှုံးခဲ့တယ်ဆိုရင်တောင်မှ Data တွေကို ပုံမှန် Backup လုပ်ထားပါက အချိန်မရွေး ထို Data များကို ပြန်လည်ရယူနိုင်ပါတယ်။ ဒါကြောင့်မို့ အရေးကြီးတဲ့ အချက်အလက်တွေကို ပုံမှန် နေ့စဉ်ပဲဖြစ်ဖြစ်၊ အပတ်တိုင်းပဲဖြစ်ဖြစ် backup လုပ်ပေးသင့်ပါတယ်။

FixYou အကြံပြုချက်: Data များကို backup လုပ်လိုလျှင် လုံခြုံစိတ်ချရဲ့တဲ့ Cloud Service တွေပဲဖြစ်ဖြစ် External Hard disk အသုံးပြုပြီးပဲဖြစ်ဖြစ် backup လုပ်ထားနိုင်ပါတယ်။

၆။ App များ၏ Permission များအား သတိထားပါ:

Application များကို Download ဆွဲပြီး စစဖွင့်ခြင်းမှာ App များက တောင်းခံသော ခွင့်ပြုချက်များ (Permission)ကို အထူးသတိပြုပါ။ App တစ်ခုက လိုအပ်သည်ထက်ပိုတဲ့ Access တွေကို တောင်းဆိုနေပါက အထူးသတိထားသင့်ပါတယ်။

FixYou အကြံပြုချက်: သင့်ဖုန်း၏ Setting များတွင် Application များ၏ (Permission) ခွင့်ပြုချက်များကို ပုံမှန်စစ်ဆေးပါ။

ကျွန်ုပ်တို့ FixYou တွင် သင့်၏ ဒီဂျစ်တယ်စနစ် လုံခြုံရေးသည် ကျွန်ုပ်တို့၏ ဦးစားပေးများထဲက အချက်တစ်ချက်ပဲ ဖြစ်ပါတယ်။ အပေါ်ကပြောပြထားတဲ့ အချက်အလက်များကို သေချာစွာ လိုက်နာခြင်းဖြင့် သင်သည် သင်၏ဖုန်း လုံခြုံရေးစနစ် ချိုးဖောက်ခံရမည့် အန္တရာယ်ကို အများကြီး လျော့ချစေနိုင်သည့်အပြင် သင့်၏ Personal Data (ကိုယ်ပိုင်အချက်အလက်) များကိုပါ ကာကွယ်နိုင်ပါသည်။ ဒါကြောင့်မို့လို့ အားလုံးကို တစ်ခုပဲ ဒီ Blog Post လေးကနေ ပြောချင်တာလေးကတော့ ယခု ဒီဂျစ်တယ်ခေတ်ကြီးထဲမှာ ဖုန်းလုံခြုံရေးဆိုင်ရာ (Device Security) အကြောင်းအရာများကို သိထားခြင်းနဲ့ သတိထားခြင်းက သင့် device ကို ဘေးကင်းလုံခြုံစိတ်ချစွာ အသုံးပြုနိုင်ကြောင်း သတိရလိုက်ပါ။ သင့်ရဲ့ ဖုန်းလုံခြုံရေးအတွက် မည်သည့် အကူအညီအတွက်ကိုမဆို အကူအညီလိုအပ်ပါက FixYou ရှိ ကျွန်ုပ်တို့၏ အဖွဲ့သည် အမြဲတမ်း ကူညီရန် အသင့်ရှိနေပါတယ်။

Leave a Comment

Your email address will not be published. Required fields are marked *


Shopping Cart
Home
Cart
Favourites
Account
Enable Notifications OK No thanks