FixYou Service Packages
english

Package A: Glass နှင့် LCD များပြုပြင်ခြင်း။

Overview: Package (A) သည် Device များ၏ Glass (Touch) ကွဲခြင်း အပါအဝင် LCD (Liquid Crystal Display) များ ထိခိုက်ပျက်စီးခြင်းအတွက် ပြုပြင်ရန် စီစဉ်ထားသော အထူး Package တစ်ခုဖြစ်ပါသည်။ သင့်ရဲ့ ဖုန်း/တက်ဘလက် မျက်နှာပြင်ကို မူလအနေအထားအတိုင်းဖြစ်အောင် ပြန်လည်ပြုပြင်ပေးပါသည်။

Services Included: သင်၏ Device Screen သည် မည်သည့်ပျက်စီးမှု ပုံစံကိုမဆို ဉပမာ Touch Screen ကွဲခြင်းဖြစ်စေ၊ LCD ကောင်းကောင်းမလုပ်ဆောင်ခြင်းဖြစ်စေ Package (A) ကို အသုံးပြုနိုင်ပါသည်။ သင်၏ဖုန်းမျက်နှာပြင်ကို ကြည်လင်ပြတ်သားစွာ ပြန်လည်ပြုပြင်ပေးပြီး နဂိုပုံစံအတိုင်း ပြန်လည်အသုံးပြုနိုင်သော အတွေ့အကြုံကို ကျွန်ုပ်တို့ FixYou Technicians များမှ အကောင်းမွန်ဆုံး ၀န်ဆောင်မှု ပေးသွားပါမည်။

Benefits: Package (A) သည် မည်သည့် ပျက်စီးမှုမှ Touch Screen ကို ပြန်လည် ပြုပြင်ခြင်းနှင့် LCD မျက်နှာပြင် အတွက် အသုံးပြုနိုင်သည်။

Package B: Glass နှင့် LED/OLED များပြုပြင်ခြင်း။

Overview: Package (B) သည် Glass (Touch) ကွဲနေခြင်း (သို့မဟုတ်) LED (Light Emitting Diode) နှင့် OLED (Organic Light Emitting Diode) ပျက်စီးခြင်းများအတွက် ပြုပြင်ရန် စီစဉ်ထားသော အထူး Package တစ်ခုဖြစ်ပါသည်။

Services Included: အထက်ပါ Screen ပြဿနာများနှင့် ကြုံတွေ့နေရပါက ယခု Package ကိုရွေးချယ်နိုင်ပြီး FixYou ၏ ကျွမ်းကျင်သော ပညာရှင်များက သင့်ရဲ့ Device Screen Error များကို မူလအနေအထားအတိုင်းရောက်အောင် ပြန်လည် ပြုပြင်ပေးမည့်အပြင် ကြည်လင်ပြတ်သားမှုရှိသော နဂို မူလ Screen ကို ပြန်လည်ရရှိစေပါမည်။

Benefits: Package (B) သည် LED နှင့် OLED မျက်နှာပြင် များအတွက် ထိရောက်သော ပြုပြင်ရန် အသုံးပြုနိုင်ပါသည်။

Package C: အရည်အသွေးမြင့်မားသော ဘက်ထရီလဲလှယ်ခြင်း။

Overview: Package (C) သည် အရည်အသွေးကောင်းမွန်သော အာမခံ battery အသစ်တစ်ခဲနှင့် တစ်ကြိမ်သာ လဲလှယ်ပေးပါသော အထူး၀န်ဆောင်မှု Package တစ်ခုဖြစ်ပါသည်။ သင့်ရဲ့ Device အတွက် အာမခံရရှိသော ဘက်ထရီများကိုသာ အသုံးပြုပါသည်။

Services Included: သင့် Device ၏ ဘက်ထရီ စွမ်းရည်ကျဆင်းလာသည် (သို့မဟုတ်) ဘက်ထရီသက်တမ်းလွန်နေပြီး အားမခံသော ပြဿနာများ ရှိနေပါက ယခု Package ကို ရွေးချယ်နိုင်ပြီး FixYou သည် သင်၏ Device အတွက် အရည်အသွေး မြင့်မားသော၊ အထူးအာမခံရှိသော ဘက်ထရီများကိုသာ လဲလှယ်အသုံးပြုပေးပါသည်။

Benefits: Package (C) သည် အာမခံပါသော ဘက်ထရီ လဲလှယ်မှုကို အသုံးပြုနိုင်ပါသည်။

Package D: Body Frame နှင့် အနောက်ဘက်ကာဗာ ပြုပြင်ခြင်း။

Overview: Package (D) သည် ကျိုးပဲ့ပျက်စီးနေသော (သို့) ကွေးညွှတ်နေသော body frame များအတွက် အရည်အသွေးကောင်းမွန်သော အသစ်တစ်ခုနှင့်အစားထိုး လဲလှယ်ပေးခြင်းအပါအဝင် ကွဲအက်နေသော နောက်ဖုံးများ (ဆေးများကွာ၍ ရုပ်ပျက်နေသောကာဗာ) အတွက် အစားထိုး လဲလှယ်ပေးသည့် Package ဖြစ်ပါသည်။

Services Included: သင်၏ဖုန်း Frame ပုံ ပျက်နေတာပဲဖြစ်စေ၊ ဖုန်း၏ ကျောဘက်တွင် အက်ကွဲ၊ ခြစ်ရာ (သို့မဟုတ်) ဆေးပျယ်နေတာပဲဖြစ်ဖြစ် Package D ကို ရွေးချယ်နိုင်ပြီး ကျွန်ုပ်တို့၏ Professional ၀န်ဆောင်မှုသည် သင်၏ Device ကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်ရုံသာမက ဖုန်း၏ အသွင်အပြင်ပိုင်းကိုလည်း ဆွဲဆောင်မှုရရှိအောင် ပြန်လည်ပြုပြင်ပေးပါသည်။

Benefits: Package (D) သည် အပြင်ပိုင်း ပြုပြင်မှုကို ကောင်းစွာ ဆောင်ရွက်ပေးပါသည်။

Package E: Hardware ပြဿနာများ ပြုပြင်ခြင်း နှင့် ဖြေရှင်းပေးခြင်း။

Overview: Package (E) သည် သင့် Device ၏ Hardware ပြဿနာများစွာကို ဖြေရှင်းနိုင်ရန် အထူးဆောင်ရွက်ပေးသော Package တစ်ခုဖြစ်ပါသည်။ ၎င်းတွင် USB အပေါက် ပြဿနာများ၊ Sensor ပြဿနာများ၊ Button (ခလုတ်) ပြဿနာများ, Vibrator (ဖုန်းတုန်ခါမှု) ပြဿနာများ, Ear-port (နားကြပ်ပေါက်) ပြဿနာများ, Network ကြိုးလိုင်း ပြဿနာများ, USB ကြိုးလိုင်း ပြဿနာများနှင့် Speakers (စပီကာ) ပြဿနာများ (Ear speaker/Loud speaker/Studio speaker) အစရှိသည့် ပြဿနာများ ပြုပြင်နိုင်ရန်အတွက် ၀န်ဆောင်မှုများ ပါ၀င်ပါသည်။

Services Included: အားသွင်း၍ မရသော Error များ (အားသွင်းပေါက်အတွက်သာ), အာရုံခံကိရိယာ (sensors) များ ပုံမှန်အလုပ်မလုပ်ခြင်းများ (သို့) ပျက်စီးနေခြင်း, အတွင်း/အပြင် (ပြင်ပ) ခလုတ်များ အလုပ်မလုပ်ခြင်း (အသံတိုး/ လျော့/ ပါဝါခလုတ်/ Home button/ silent button), ဖုန်းတုန်ခါမှုစနစ်များ ယိုယွင်းပျက်စီးနေခြင်း, နားကြပ်ပေါက်များ ကောင်းစွာအလုပ်မလုပ်ခြင်း, လိုင်းဆွဲအားကောင်းစေရန် ထည့်သွင်းထားသော ကြိုးအစားထိုးပေးခြင်း (ဖြစ်နိုင်ပါက), မှန်နှင့်တစ်ဆက်တည်း မဟုတ်သော အပေါ်အောက် ဆက်သွယ်ထားသော အလယ်ကြိုးများ လဲပေးခြင်း အပါအဝင်, အပေါ်အသံ, အောက်အသံ, စတူရီယို အသံများအတွက် စပီကာများ အသစ်ပြောင်းလဲ တပ်ဆင်ပေးခြင်း။

Benefits: Package (E) သည် ကျယ်ပြန့်သော Hardware ဆိုင်ရာ ပြဿနာများအားလုံးအတွက် အသုံးပြုနိုင်ပါသည်။

Package F: Package (A) နှင့် အခြားသော အထွေထွေပြဿနာများ

Overview: Package (F) သည် Package (A) တွင်ပါဝင်သော ဝန်ဆောင်မှုအားလုံး ပါဝင်ပြီး၊ အခြားသော မည်သည့် အစိတ်အပိုင်းမဆို ပျက်စီးခြင်းများအတွက် ဤ Package ကို အသုံးပြုနိုင်ပါသည်။

Services Included: တစ်ကြိမ်သာ လဲလှယ်ပေးသော အရည်အသွေးမြင့်၊ အာမခံပါသော ဘက်ထရီလဲလှယ်မှု။ (Package C), ကျိုးပဲ့ပျက်စီးနေသော (သို့) ကွေးညွှတ်နေသော Body frame နှင့် နောက်ဖုံးများအတွက် လဲလှယ်မှုများ။ (Package D), Hardware ပြဿနာများ။ (Package E – USB ပေါက်များ၊ အာရုံခံကိရိယာများ၊ ခလုတ်များ၊ ဖုန်းတုန်ခါမှုစနစ်များ၊ နားကြပ်ပေါက်များ၊ လိုင်းဆွဲအားကြိုးများပြုပြင်ခြင်း၊ USB ကြိုးများနှင့် စပီကာ ပြုပြင်မှုများ)

Benefits: Package (F) သည် မည်သည့် Device ပြဿနာမဆို ဖြေရှင်းနိုင်ပါသည်။

Package G: Package (B) နှင့် အခြားသော အထွေထွေပြဿနာများ

Overview: Package (G) သည် Package (B) တွင်ပါဝင်သော ဝန်ဆောင်မှုအားလုံး ပါဝင်ပြီး၊ အခြားသော မည်သည့် အစိတ်အပိုင်းမဆို ပျက်စီးခြင်းများအတွက် ဤ Package ကို အသုံးပြုနိုင်ပါသည်။

Services Included: တစ်ကြိမ်သာ လဲလှယ်ပေးသော အရည်အသွေးမြင့်၊ အာမခံပါသော ဘက်ထရီလဲလှယ်မှု။ (Package C), ကျိုးပဲ့ပျက်စီးနေသော (သို့) ကွေးညွှတ်နေသော Body frame နှင့် နောက်ဖုံးများအတွက် လဲလှယ်မှုများ။ (Package D), Hardware ပြဿနာများ။ (Package E – USB ပေါက်များ၊ အာရုံခံကိရိယာများ၊ ခလုတ်များ၊ ဖုန်းတုန်ခါမှုစနစ်များ၊ နားကြပ်ပေါက်များ၊ လိုင်းဆွဲအားကြိုးများပြုပြင်ခြင်း၊ USB ကြိုးများနှင့် စပီကာ ပြုပြင်မှုများ)

Benefits:အခြားသော အထွေထွေပြဿနာများ ကင်မရာ (ရှေ့နှင့် နောက်)၊ ပါဝါမလာသော ပြဿနာများ၊ စက်ရှော့ကျခြင်း၊ ကွန်ယက်ချိတ်ဆက်မှု (Network) ပျောက်ခြင်း ပြဿနာများ (SIM နှင့် Wi-Fi)၊ IMEI ပျောက်ခြင်း၊ Device Lock ကျခြင်းများ (FRP ကျော်ခြင်း နှင့် အကောင့် ပြဿနာများ) ၊ Software အသစ်ရေးခြင်း၊ (Firmware အသစ်တင်ခြင်း) Stable မှ Global Version သို့ ပြောင်းခြင်း၊ မျက်နှာ Scan ဖတ်စနစ် (Facial Recognition) နှင့် လက်ဗွေဆန်ဆာများ (Fingerprint Sensors) အသုံးပြု၍ မရခြင်းများ၊ Bluetooth စနစ်ပျက်စီးခြင်း၊ Flash Light မရရှိခြင်း စသည့် အထွေထွေ ပြဿနာများအားလုံး ဖြေရှင်းနိုင်ရန်အထိ ဤ Package ကို အသုံးပြုနိုင်ပါသည်။

Shopping Cart
Home
Cart
Favourites
Account
Enable Notifications OK No thanks