FixYou ၏ Discount များနှင့် ပရိုမိုးရှင်းကုဒ်များကို အသုံးပြုပြီး အံ့သြဖွယ် Service များကို ရယူပါ။

ဖုန်းတစ်လုံးပြုပြင်ဖို့ကို အချိန်ကော၊ ငွေကြေးကော၊ သက်သက်သာသာနှင့် လွယ်ကူလျှင်မြန်စွာ ဝန်ဆောင်မှုပေးနိုင်အောင် FixYou မှာ အမြဲကြိုးစားနေပါတယ်။ ဒါကြောင့်မို့လို့လည်း FixYou ရဲ့ ငွေကုန်ကြေးကျသက်သာစေပြီး အရည်အသွေးမြင့်သော ဝန်ဆောင်မှုများကို အသုံးပြုနိုင်ဖို့ Discount

အစီအစဉ်များနဲ့ ပရိုမိုးရှင်းကုဒ် (Promo Code) များချပေးတဲ့ အစီအစဉ်များကို မကြာမီအချိန်အတွင်းမှာပဲ မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ယခု Blog လေးမှာတော့ FixYou ရဲ့ တမူထူးခြားတဲ့ Service တွေအကြောင်းနဲ့ Discount အကြောင်းလေးတွေကို မိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

သင့်ရဲ့ဖုန်းက မတော်တဆ ကျကွဲသွားတာလား? ဒါမှမဟုတ် ဖုန်းမှန်က အက်ကြောင်းလေးဖြစ်နေပြီလား? ဖုန်းဘက်ထရီ ဖောင်းနေတာကို မလဲဖြစ်သေးဘဲ ဆက်သုံးနေတုန်းလား? မိမိရဲ့ဖုန်းလေးကို ပြုပြင်ဖို့ အချိန်မပေးနိုင်သေးလို့ပဲ ဖြစ်ဖြစ် လစာမထုတ်ရသေးလို့ လကုန်မှ ပြင်မယ်ဆိုပြီး တွေးနေတာမျိုးလား? ဖုန်းအမျိုးအစား အသစ်တွေကလည်း ထွက်လာပြီ။ မိမိဖုန်းလေးက နောက်ကျကျန်ခဲ့ပြီလို့ ခံစားနေရပြီလား? ဒါမျိုးတွေတစ်ခုမဟုတ်တစ်ခု ကြုံနေရတဲ့သူဆိုရင်တော့ FixYou ၏ အစီအစဉ်လေးက သင့်အတွက် အသင့်အတော်ဆုံးဖြစ်မှာပါ။ ဖုန်းနဲ့ပတ်သတ်ပြီး အမျိုးမျိုးသော Error များ၊ အခြေအနေအကြောင်းကြောင်းကြောင့် ပျက်စီးမှုများအတွက် စိတ်ညစ်စရာမလိုတော့ဘဲ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးသော အချိန်ကုန် ငွေကုန် သက်သာစွာဖြင့် ဖုန်းပြင်ပေးတဲ့ FixYou Device Care App လေးနဲ့ မိတ်ဆက်ပေးပါရစေ။

FixYou Device Care App ဟာဆိုရင် လူကြီးမင်းတို့၏ မိုဘိုင်းလ်ဖုန်းများကို ပိုမိုကောင်းမွန်သော အစီစဉ်များဖြင့် ပြုပြင်နိုင်ယုံသာမက လူကြီးမင်းတို့ ကြိုက်နှစ်သက်ရာ FixYou ၏ ဝန်ဆောင်မှုများဖြစ်သော ပက်ကေ့ချ်များဖြင့် ဖုန်းပြုပြင်ခြင်း၊ Promo Code များရယူကာ ဖုန်းအသစ်တစ်လုံးဖြင့် လဲလှယ်နိုင်ခြင်း စသည့်အစီအစဉ်များ အပါအဝင် အမျိုးမျိုးသောအစီစဉ်များကို လူကြီးမင်းတို့ စိတ်တိုင်းကျ ရွေးချယ်နိုင်မယ့် မြန်မာနိုင်ငံ၏ အကောင်းမွန်ဆုံး အဆန်းသစ်ဆုံး No.1 Application တစ်ခု အဖြစ် ခိုင်ခိုင်မာမာရပ်တည်သွားမှာပါ။

နီးစပ်ရာ FixYou Device Care မိတ်ဖက်ဆိုင်များကို ရှာဖွေပြီး (သို့မဟုတ်) FixYou Device Care App ရဲ့ Customer Service ကို ဆက်သွယ်ပြီး အချိန်တိုအတွင်း ကျွန်ုပ်တို့ FixYou Team မှ သင့်ကို အကောင်းဆုံး ဝန်ဆောင်မှုတွေပေးဖို့ အမြဲအဆင်သင့်ပဲဖြစ်နေမှာပါ။ ဒါ့အပြင် ငွေပေးချေမှုအတွက်လည်း သင့်အတွက် အလွယ်ကူဆုံးဖြစ်အောင် FixYou မှ စီစဉ်ပေးထားပါတယ်။ ကနဉီးပေးသွင်းငွေနည်းနည်းမှစတင်ပြီး သင့်အတွက်လိုအပ်တဲ့ Service Package တွေကို ရယူနိုင်တဲ့ အရစ်ကျစနစ်ကလည်း ရှိသေးတာဆိုတော့ သင့်ဖုန်းပြုပြင်မှုအတွက် ကျွန်ုပ်တို့ရဲ့ FixYou Service က သင့်ကို အရမ်းလွယ်ကူစေမှာပါ။ ဒါ့အပြင် FixYou မှာရှိတဲ့ Package A to G အတွက်လည်း ရာခိုင်နှုန်းတစ်ခု ကြိုတင်ပေးချေရုံနဲ့ ထို Package များကို မိမိအဆင်ပြေသလို ရွေးချယ်အသုံးပြုနိုင်တာမလို့ Customer များ ရေးမီးအစုံ လေထီးခုန်ရုံ (အဲ) FixYou ရဲ့ အရည်အသွေးမှီပြုပြင်တဲ့ ဝန်ဆောင်မှုကို ငွေရေးကြေးရေးအတွက် အပူအပင် ကင်းမဲ့စွာ ရယူနိုင်လို့ ခုပဲ စိတ်ဝင်စားတယ်ဆို အောက်ပါဖုန်းနံပါတ်များနှင့် Hotline များကို ဆက်သွယ်နိုင်ပါတယ်။

ကျွန်တော်တို့ FixYou ၏ လက်ရှိ ပရိုမိုးရှင်းအကြောင်းအရာများကို ပိုမိုသိရှိရန် ဝက်ဘ်ဆိုက် (သို့မဟုတ်) App (သို့မဟုတ်) Authorized Service Center များသို့ လာရောက်ပြီး ယနေ့ပဲ ပရိုမိုးရှင်းအစီအစဉ်များကို ခံစားလိုက်ပါ။

Leave a Comment

Your email address will not be published. Required fields are marked *


Shopping Cart
Home
Cart
Favourites
Account
Enable Notifications OK No thanks