
FixYou မှာ ဘယ်လိုဖုန်းပြုပြင်မှုအမျိုးအစားများကို ဆောင်ရွက်ပေးပါသလဲ။
FixYou မှာ ဖုန်းမျက်နှာပြင်လဲလှယ်မှု၊ ဘက်ထရီပြဿနာများနဲ့ အခြားသော ဟာ့ဒ်ဝဲနှင့် ဆော့ဖ်ဝဲပြုပြင်မှုများအပါအဝင် တခြားသော ဖုန်း သို့မဟုတ် Tablet နှင့်ပတ်သတ်သည့် အသေးစိတ် ပြုပြင်မှုများစွာကို ကျယ်ပြန့်စွာ ၀န်ဆောင်မှု ပေးပါတယ်။
FixYou မှာ ပုံမှန် ပြုပြင်မှုတစ်ခုကို အချိန် ဘယ်လောက်ကြာပါသလဲ။
ပြုပြင်မှုကြာချိန်များသည် ကွဲပြားပြီး၊ အများစုသည် ဖြစ်ပေါ်လာသည့် Error ပေါ် နှင့် Spare Parts ပစ္စည်းရရှိမှု အခြေအနေအပေါ် မူတည်၍ နာရီပိုင်းအတွင်းတွင် ပြီးစီးပါသည်။”
ပြုပြင်မှု ၀န်ဆောင်မှုများအတွက် အာမခံချက်ရှိပါသလား။
ဟုတ်ကဲ့၊ သင်ဟာ ကျွန်ုပ်တို့ FixYou မှာ service အပ်ပြီးတာနဲ့ စိတ်တိုင်းကျဖြစ်စေဖို့ ကျွန်တော်တို့ FixYou မှာ ပြုပြင်မှုအားလုံးအတွက် ခိုင်မာသော အာမခံချက်ကို ပေးထားပါတယ်။”
FixYou မှာ ဖုန်းပြုပြင်မှုအတွက် ကနဦးစပေါ်ငွေ ဘယ်လောက်သွင်းရမလဲ။
လိုအပ်သော အစိတ်အပိုင်းများ ကြိုတင်ပြင်ဆင်နိုင်ရန်နှင့် ပြုပြင်မှုလုပ်ငန်းစဉ်များ စတင်နိုင်ရန်အတွက် Customer များသည် ကနဦးစပေါ်ငွေ စတင်ပေးသွင်းရုံဖြင့် FixYou ၀န်ဆောင်မှုများကို စတင်အသုံးပြုနိုင်ပါသည်။
မတူညီသော ပြုပြင်မှုပက်ကေ့ချ်များအတွက် ငွေပေးချေမှုအစီအစဉ်တွေဘယ်လိုရှိပါသလဲ။
သင့်အနေဖြင့် ကျွန်တော်တို့ရဲ့ Package အမျိုးမျိုး (A-G) များထဲမှ တစ်ခုခုကို ရွေးချယ်ပြီး ရာခိုင်နှုန်းတစ်ခု ကြိုတင်ပေးချေခြင်းဖြင့် စတင်အသုံးပြုနိုင်ပါတယ်။ FixYou ရဲ့ မတူညီတဲ့ Package တိုင်းက သင့်ဖုန်းပြုပြင်ဖို့ လိုအပ်ချက်တစ်ခုချင်းစီအတွက် အသုံးပြုလို့ရအောင် စီစဉ်ပေးထားပါတယ်။
- Package A: Glass + LCD။
- Package B: Glass + LED/OLED။
- Package C: ဘက်ထရီလဲလှယ်မှု။
- Package D: ဖုန်းကိုယ်ထည် + နောက် cover များ ပြင်ဆင်မှု။
- Package E: USB port, Sensor, Button, Vibrator, Ear-port, network and USB cable များ ပြုပြင်မှု။
- Package F: Package A နှင့် အခြားအစိတ်အပိုင်းများ ပြုပြင်မှု။
- Package G: Package B နှင့် အခြားအစိတ်အပိုင်းများ ပြုပြင်မှု။
FixYou တွင် ဝန်ဆောင်မှုများအတွက် လျှော့စျေးရနိုင်ပါသလား။
ဟုတ်ကဲ့၊ ကျွန်တော်တို့ FixYou မှာ မကြာခဏ ပရိုမိုးရှင်းကုဒ်များနှင့် လျှော့စျေးများကို ပေးလေ့ရှိပါတယ်။ လက်ရှိ လျှော့စျေးများအတွက် ဝက်ဘ်ဆိုက်များတွင် သို့မဟုတ် Authorized Service Center များထံသို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။
ဖုန်းက ပြန်ပြင်လို့မရတော့ဘူးဆိုရင် ဘယ်လိုဆက်လုပ်ကမလဲ။
ကျွန်တော်တို့ FixYou မှာ ပြန်ပြင်လို့မရတော့တဲ့ ဖုန်းများအတွက် အသစ်တစ်လုံးနဲ့ လဲလှယ်နိုင်ရန် ရွေးချယ်မှုတစ်ခုရှိပါတယ်။ အသေးစိတ်ကို Customer Support သို့မဟုတ် Website မှာ အသေးစိတ်လေ့လာနိုင်ပါတယ်။
ပြုပြင်မှုအတွက် ကြိုတင်ရက်ချိန်းယူရန် လိုအပ်ပါသလား။
Authorized Service Center များတွင် လူကိုယ်တိုင် ဝန်ဆောင်မှု လာရောက် ရယူနိုင်သလို လုပ်ငန်းများ ပိုမိုမြန်ဆန်စေရန် အတွက်လည်း ကြိုတင်ရက်ချိန်းရယူရန် အကြံပြုအပ်ပါသည်။
ဖုန်းအမှတ်တံဆိပ်နှင့် မော်ဒယ်များအားလုံးကို ပြုပြင်ပါသလား။
ကျွန်ုပ်တို့သည် အဓိက အမှတ်တံဆိပ်နှင့် မော်ဒယ်အများစုကို ဝန်ဆောင်မှုပေးပါသည်။ သင်၏ သီးခြားမော်ဒယ်ကို အတည်ပြုနိုင်ရန် ကျွန်ုပ်တို့ထံ ဆက်သွယ်နိုင်ပါတယ်။
FixYou Device Care app ကို ဘယ်လိုဒေါင်းလုပ်ပြီး အသုံးပြုရမလဲ။
FixYou Device Care app ကို ဒေါင်းလုပ်ရန် ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ် https://fixyoudevicescare.comသို့ သွားပါ။ သင်၏ ဖုန်းနံပါတ် (သို့မဟုတ်) Gmail အကောင့်ဖြင့် မှတ်ပုံတင်ပြီး လော့ဂ်အင်ဝင်ပါ။ သင့်ရဲ့ Customer ID ရရှိပြီးနောက်၊ သင်၏ ပြုပြင်မှုအစီအစဉ်များကို ရွေးချယ်နိုင်ပါသည်။ အစီအစဉ်များကို အသစ်ထပ်မံလဲလှယ်သည့်အခါ သို့မဟုတ် အစီအစဉ်အသစ်များကို ရယူသည့်အခါ promo codes များကို မမေ့ပါနှင့်။
ကျွန်ုပ်၏ ဖုန်းက ဘက်ထရီလဲလှယ်ရန် လိုအပ်နေပြီလားဆိုတာကို ဘယ်လိုသိနိုင်မလဲ။
အဖြစ်များသော လက္ခဏာများမှာ အားအ၀င်နှေးခြင်း၊ ဘက်ထရီအကုန်မြန်ခြင်း သို့မဟုတ် ဖောင်းနေခြင်း၊ အစရှိသည့် လက္ခဏာများ ဖြစ်နေပြီဆိုလျှင် သင်၏ဖုန်းဘက်ထရီသည် လဲလှယ်ဖို့ လိုအပ်နေသော လက္ခဏာများဖြစ်ပါတယ်။ ပိုမိုသေချာသောစစ်ဆေးမှုများ ပြုလုပ်နိုင်ရန် သင်ရဲ့ဖုန်းကို ကျွန်ုပ်တို့ FixYou တွင် အခမဲ့ လာရောက် စစ်ဆေးနိုင်ပါသည်။
ပြုပြင်မှုများအတွက် Original Parts များကို သုံးပါသလား။
ကျွန်တော်တို့ FixYou မှာ အရည်အသွေးမြင့်သော ပစ္စည်းများကိုသာ အသုံးပြုပါတယ်။ OEM (Original Equipment Manufacturer) ပစ္စည်းများကိုလည်း ရရှိနိုင်မှုအခြေအနေပေါ်မူတည်ပြီး အသုံးပြုပါတယ်။
ပြုပြင်မှုအတွက် ရက်ချိန်းကို ဘယ်လိုယူရမလဲ။
သင်သည် ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုက်မှတစ်ဆင့် သို့မဟုတ် Authorized Service Center များထံသို့ တိုက်ရိုက်ဖုန်းဆက်ပြီး ရက်ချိန်းကို ရယူနိုင်ပါတယ်။
ပြုပြင်မှုများ စတင်မပြုလုပ်ခင် ခန့်မှန်းကုန်ကျစရိတ်ကို သိရှိနိုင်မလား။
ဟုတ်ကဲ့၊ သင့်ဖုန်းကို အခမဲ့ စစ်ဆေးပြီးမှ ကုန်ကျစရိတ်ကို ခန့်မှန်းပေးပါတယ်၊ ပြုပြင်မှုများကို ဆက်လက်လုပ်ဆောင်ရန် မလိုအပ်ပါကလည်း အသိပေးပါတယ်။
ကျွန်ုပ်၏ ဖုန်းကို စစ်ဆေးခြင်းများအတွက် ကျသင့်ငွေရှိပါသလား။
ကျွန်တော်တို့ FixYou မှာ ပြုပြင်မှုလုပ်ငန်းများ မစတင်ခင် ပြဿနာကို သိရှိနိုင်ရန်အတွက် အခမဲ့ စစ်ဆေးမှုများကို ပြုလုပ်ပေးပါတယ်။
ကျွန်ုပ်၏ ဖုန်း ပြုပြင်မှုအခြေအနေကို ဘယ်လိုသိနိုင်မလဲ။
ဖုန်း သို့မဟုတ် အီးမေးလ်မှတစ်ဆင့် ကျွန်ုပ်သို့သည် Customer များကို မကြာခဏ အသိပေးပါသည်။ အွန်လိုင်းမှလည်း အခြေအနေများကို စစ်ဆေးနိုင်ပါသည်။
ဖုန်း/ တက်ဘလက် ကို ပြုပြင်ရန် မပေးခင် ဘာတွေလုပ်ထားဖို့ လိုအပ်မလဲ။
အဓိကကတော့ သင်၏ ဒေတာများကို Backup လုပ်ထားပါ။ သင်၏ ဖုန်းက Lock ချထားတယ်ဆိုလျှင်လည်း ထို lock များကို ဖြုတ်ထားပေးဖို့ အကြံပြုပါတယ်။
Mobile Banking နဲ့ ကျသင့်ငွေ ပေးချေလို့ရလား
ငွေသား၊ ခရက်ဒစ်/ဒက်ဘစ်ကဒ်များနှင့် မိုဘိုင်းလ်ငွေချေမှုတို့အပါအဝင် ငွေချေမှုနည်းလမ်းမျိုးစုံကို လက်ခံပါတယ်။
ပြုပြင်မှုပြီးသွားရင်လည်း After-sale service များကို သင်ပေးပါသလား။
ဟုတ်ကဲ့၊ ကျွန်တော်တို့ FixYou မှာ ပြုပြင်မှုလုပ်ငန်းများ ပြီးဆုံးသွားရင်လည်း After-sale service များ ဆက်လက်ပေးထားပါတယ်။

