Welcome to FixYou – “Your Trusted Device Care Partner”
FixYou Device Care ဆိုတာ မိုဘိုင်းလ်ဖုန်းပြုပြင်ခြင်းလုပ်ငန်းကို အဓိကလုပ်ဆောင်ပြီး ဖုန်းမျက်နှာပြင် လဲလှယ်မှုများ၊ ဘက်ထရီ ပြဿနာများကို ဖြေရှင်းခြင်း၊ ဖုန်းနှင့် ပတ်သက်သော အထွေထွေပြုပြင်ခြင်းလုပ်ငန်းများ၊ ဖုန်း/တက်ဘလက်အသစ် (သို့မဟုတ်) FixYou Technicians များမှ စစ်ဆေးပြီး တရားဝင်ရောင်းချပေးနေသော အထူးအာမခံ ပါဝင်သည့် Used ဖုန်းများ ရောင်းချခြင်း၊ အဟောင်းပေးအသစ်ယူ လဲလှယ်ပေးခြင်းများနှင့် အခြားသော ဟာ့ဒ်ဝဲ (Hardware) နှင့် ဆော့ဖ်ဝဲ (Software) ပြုပြင်မှုများ စသည့်ပြင်ဆင်မှုများ အားလုံးကို တစ်နေရာတည်း One-Stop Service ပေးသော လုပ်ငန်းတစ်ခုဖြစ်ပါတယ်။
FixYou Device Care App ကို Download ဆွဲပြီး App ထဲတွင် မှတ်ပုံတင် (Register) ထားရုံဖြင့် ဖုန်း မတော်တဆ ကျကွဲလို့ပဲဖြစ်စေ၊ အကြောင်းအမျိုးမျိုးကြောင့် Touch/LCD/LED/OLED ကွဲခြင်းကြောင့်ပဲဖြစ်စေ၊ အခြားဖုန်းနှင့်သက်ဆိုင်သော အထွေထွေ ပျက်စီးခြင်းများအတွက် ဈေးနှုန်းသက်သာစွာ ပစ္စည်းလဲပေးခြင်း၊ အခမဲ့ ပြုပြင်ပေးခြင်းများကို လုပ်ဆောင်ပေးသော မြန်မာနိုင်ငံတွင် ပထမဦးဆုံးသော App တစ်ခု ဖြစ်ပါသည်။
Our Certifications
ကျွန်ုပ်တို့၏ ရည်မှန်းချက်
ဒီဂျစ်တယ်ခေတ်မှာ လူသားတိုင်း စမတ်ကျကျ မိုဘိုင်းလ်ဖုန်းကို အသုံးပြုခွင့်ရစေဖို့၊ ဖုန်း/ Tablet အမျိုးမျိုး ပျက်စီးမှုများရှိပါက ငွေကုန်ကြေးကျ သက်သာအောင် ပြင်ဆင်ပေးခြင်း နှင့် လက်ရှိဖုန်းကို မပြင်တော့ဘဲ အသစ်တစ်လုံးဖြင့် လဲလှယ်နိုင်အောင် ဖန်တီးပေးခြင်းများသည် ကျွန်ုပ်တို့၏ ရည်မှန်းချက်များဖြစ်သည်။
ကျွန်ုပ်တို့၏ ရည်ရွယ်ချက်
ဖုန်းနှင့်သက်ဆိုင်သော အထွေထွေ ပျက်စီးခြင်းမျာ၊ အသစ်လဲချင်သူများအတွက် စိတ်ပူစရာမလိုတော့ဘဲ ငွေကြေး အကုန်အကျသက်သာစွာ၊ လျှင်မြန်စွာဖြင့် ပြန်လည်ကောင်းမွန်လာအောင် လုပ်ဆောင်ပေးနိင်သော မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး Application တစ်ခုဖြစ်လာရန် ရည်ရွယ်ပါသည်။
ကျွန်ုပ်တို့၏ တန်ဖိုးထားမှု
မိုဘိုင်းလ်ဖုန်းပြုပြင်ခြင်း ဝန်ဆောင်မှုပေးရာ၌ လူကြီးမင်းတို့၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များ လုံခြုံရေးသည် အထူး ဦးစားပေး ဖြစ်ပြီး၊ ဒီဂျစ်တယ်ခေတ်မှာ လူသားတိုင်း အရည်အသွေးမြင့်ပြီး ကောင်းမွန်သော စမတ်ဖုန်းတစ်လုံးပိုင်ဆိုင်စေခြင်းသည် ကျွန်ုပ်တို့ တန်ဖိုးထားသော အရာများဖြစ်ပါသည်။

