ပြုပြင်၍မရသော ဖုန်းများအတွက် ထူးခြား၍ ဘယ်သူမှ မပေးသော အသစ်တစ်လုံးဖြင့် လဲလှယ်နိုင်သည့် အစီအစဉ်ကို FixYou မှာရရှိနိုင်ပါပြီ

အချို့သော ထိခိုက်ပျက်စီးထားသည့် ဖုန်းများ၊ နောက်ဆုံးပြန်ပြင်လို့မရတော့တဲ့ အခြေအနေတွေထိ သက်တမ်းကုန်သွားတဲ့ ဖုန်းများအတွက် FixYou မှာ သတ်မှတ်ထားတဲ့ ပမာဏတစ်ခု ပေးရုံနဲ့ အသစ်တစ်လုံးဖြင့် လဲလှယ်နိုင်သည့် အစီအစဉ်အသစ်ကို မိတ်ဆက်ပေးဖို့ ကျွန်တော်တို့ FixYou အဖွဲ့သားတွေ အနေနဲ့ အလွန်ပင် စိတ်လှုပ်ရှားနေပါတယ်။ သင့်ရဲ့ဖုန်းဟာ ပြန်ပြင်လို့ မရတော့ဘူးဆိုတာကို ကျွန်တော်တို့ FixYou Technician အဖွဲ့မှ ဆုံးဖြတ်ပြီးပါက ယခုအစီအစဉ်ဟာ သင့်အတွက်ပါပဲ။
ဒီအစီအစဉ်လေးက ဘယ်လိုလေးလဲဆိုတော့ သင်ဟာ သတ်မှတ်ထားသော ပမာဏတစ်ခု ပေးရုံနဲ့ ဖုန်းအသစ်တစ်လုံးလဲလှယ်ခွင့် ရရှိနိုင်မှာပါ။ ဒါတင်မဟုတ်သေးပဲ သင်ရဲ့ ဖုန်းဟာ ဟောင်းနေပြီး မော်ဒယ်အသစ်တွေနဲ့ လဲချင်သေးတယ်ဆိုလည်း ရဦးမှာနော်။ ကနဉီးပေးသွင်းငွေ နည်းနည်းနဲ့လည်း ဖုန်းပြင်ချင်တာပဲဖြစ်ဖြစ်၊ အသစ်တစ်လုံးကို ပြောင်းကိုင်ချင်လို့ပဲဖြစ်ဖြစ် အရစ်ကျလည်း ရယူနိုင်ဦးမှာပါ။ သင့်ရဲ့ဖုန်းကို ကျွန်ုပ်တို့ FixYou Team ဘက်ကနေ စစ်ဆေးပြီးတော့ အဟောင်းပေး အသစ်ယူ အစီအစဉ်ကို သေချာရှင်းပြပေးမှာဖြစ်ပြီး သဘောတူညီပါက မိမိနှစ်သက်ရာ ဖုန်းဖြင့် ရွေးချယ်၊ ၀ယ်ယူ၊ လဲလှယ်နိုင်ပါတယ်။
ယခုအစီအစဉ်သည် ပြုပြင်၍မရတော့တဲ့ ဖုန်းတွေအတွက် အဖြေတစ်ခု ဖြစ်ရုံသာမက သင့်အတွက်လည်း Flexible ဖြစ်ပြီး ပြုပြင်ဖို့အတွက် Service Package အများကြီးကိုလည်း ရွေးချယ်နိုင်ဦးမှာဆိုတော့ FixYou ကို သင့်ဖုန်းပြုပြင်ဖို့အတွက် One-stop Service Provider အနေနဲ့ အမြဲ ရွေးချယ်နိုင်တယ်နော်။ မှန်ကွဲနေတာပဲဖြစ်ဖြစ်၊ ကွေးနေသော ဖုန်းကိုယ်ထည်ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် စိတ်မချရတော့တဲ့ ဖုန်းတစ်လုံးကို မကိုင်ချင်တော့တာပဲဖြစ်ဖြစ်၊ ၎င်းဖုန်း၏တန်ဖိုးကို အကဲဖြတ်ဖို့ ကျွန်ုပ်တို့ FixYou Team နဲ့ အချိန်မရွေး တိုင်ပင်နိုင်ပါတယ်နော်။
ကျွန်ုပ်တို့ FixYou မှာ ဘယ်လို ၀န်ဆောင်မှုတွေပေးနေလဲဆိုတဲ့ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက Website သို့မဟုတ် Facebook Page မှာလည်း သွားရောက်လေ့လာနိုင်ပါတယ်။ ဖုန်း စျေးနှုန်းများကိုလည်း FixYou ၏ တရားဝင် Facebook Page တွင် သွားရောက် ကြည့်ရှုနိုင်ပါတယ်။

